မာတိကာသို့ ခုန်သွားရန်

တရုတ်ပြည်မကြီး

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

တရုတ်ပြည်မကြီး (အင်္ဂလိပ်: Mainland China) ဆိုသည်မှာ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိသော ပထဝီနိုင်ငံရေးနှင့ ပထဝီဝင်အရ သတ်မှတ်ထားသော ဧရိယာ ဖြစ်သည်။ တရုတ်ပြည်မကြီးတွင် တောင်တရုတ်ပင်လယ်တွင်းရှိ ကျွန်းခရိုင်တစ်ခုဖြစ်သော ဟိုင်နန်ပြည်နယ်ပါဝင်သော်လည်း အထူးအုပ်ချုပ်ရေးဒေသများဖြစ်သော ဟောင်ကောင်နှင့် မကာအိုတို့ မပါဝင်ပေ။

ပြည်မကြီးဟု ဘာသာပြန်နိုင်သော တရုတ်ဝေါဟာရ နှစ်ခုရှိသည်။[]

  • Dàlù (大陆; 大陸) 'တိုက်ကြီး' ဟု အဓိပ္ပာယ်ရပြီး ဟောင်ကောင်နှင့် မကာအိုတို့ ပါဝင်သည်။
  • Nèidì (内地; 內地) - 'ကုန်းတွင်း' သို့မဟုတ် 'အတွင်းကုန်းမြေ' ဟု အဓိပ္ပာယ်ရပြီး ဟောင်ကောင်နှင့် မကာအိုတို့ မပါဝင်ပေ။[]

တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းတွင် အဆိုပါဝေါဟာရနှစ်မျိုး အသုံးပြုခြင်းသည် တင်းကြပ်ထားပြီး အချင်းချင်းဖလှယ်မရချေ။ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ပိုမိုအသားပေးပြီး ရေလက်ကြားဆက်ဆံရေးတွင် တရုတ်သမ္မတနိုင်ငံအား တန်းတူမဖြစ်စေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ထိုင်ဝမ်နှင့် ဆက်ဆံသော တရားဝင်ရုံးသုံးအခေါ်အဝေါ်တွင် ပြည်မကြီးဝေါဟာရကို အသုံးပြုသည် (ထိုင်ဝမ်ဖက်ခြမ်းနှင့် ဆက်ဆံရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဖက်အား "ပြည်မကြီး" ဟု ရည်ညွှန်းသည်)။ သို့သော် ဟောင်ကောင်နှင့် မကာအိုတို့နှင့် ဆက်ဆံရေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် "ဗဟိုပြည်သူ့အစိုးရ" ဟု ရည်ညွှန်းသုံးနှုန်းသည်။

ထိုင်ဝမ်တွင် "ပြည်မကြီးဧရိယာ" ဆိုသည်မှာ တရုတ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အသုံးပြုထားသော "တရုတ်သမ္မတနိုင်ငံ၏ လွတ်လပ်သောဧရိယာ"ဟူသည့် ဝေါဟာရ ဖြစ်သည်။[]

အခြားကြည့်ရန်

ကိုးကား

  1. 《中华人民共和国出境入境管理法》(中英文)Exit and Entry Administration Law of the People's Republic of China။ 10 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 January 2021 တွင် ပြန်စစ်ပြီး။
  2. Mainland China, Hong Kong, and Macao Emergency Service Information
  3. Additional Articles to the Republic of China Constitution, 6th Revision, 2000